JW subtitle extractor

JW ရုပ်သံထုတ်လွှင့်မှု—မတ် ၂၀၂၆

Video Other languages Share text Share link Show times

ယေဟောဝါ တရားတဲ့အရှင်
မကြည့်နိုင် တရားမဲ့မှုတွေ
မတရားသဖြင့် ခံနေရတဲ့
အပြစ်မဲ့သူ တွေ့တိုင်း
မတရားမှန်း သိနေတာမို့
စိတ်ခံပြင်းခါးသီးလည်း
ဒီတွက် လက်စားချေမှာ ဘုရား
ငါ့ရဲ့ တာဝန် မဟုတ်
ဘယ်လို အဆိုးတွေ ကြုံပါစေ
ကိုယ်တော့်ပဲ စောင့်ပါမယ်
ကာကွယ်မှာ သိထားတယ်
တရားမျှတမှန်း ယုံတယ်
ကိုယ့်မိသားစု နဲ့ အစိုးရတွေ
ဆန့်ကျင်တားဆီးကြပါစေ
ထောင်ချထားမလား၊ လှောင်ပြောင်ကြမလား
အို ကြိုက်သလောက် လာပါစေ
ဘယ်က စမ်းစမ်း စိတ်ပြင်ဆင်ထား
ကြံ့ခံ မြဲမြဲ ရပ်မယ်
ကိုယ်တော် ပေးတဲ့ ဒီခွန်အားကြောင့်
ငြိမ်သက်အေးနေ ရင်ထဲ
ဘယ်လို အဆိုးတွေ ကြုံပါစေ
ကိုယ်တော့်ပဲ စောင့်ပါမယ်
ကာကွယ်မှာ သိထားတယ်
တရားမျှတမှန်း ယုံတယ်
ဘုရားရဲ့ တရားမျှတမှုသာ
ပြဿနာ အားလုံးရဲ့ အဖြေပဲ
ဘုရားရဲ့ တရားမျှတမှုသာ
မျှော်လင့် တို့ ကိုးစားရာ
အမြန်သာ လာပါစေတော့
ဘယ်လို အဆိုးတွေ ကြုံပါစေ
ကိုယ်တော့်ပဲ စောင့်ပါမယ်
ကာကွယ်မှာ သိထားတယ်
တရားမျှတမှန်း ယုံတယ်။