JW subtitle extractor

JW ရုပ်သံထုတ်လွှင့်မှု—ဧပြီ ၂၀၂၆

Video Other languages Share text Share link Show times

ဆည်းဆာအလှနဲ့ ရွှေရောင်တိမ်စိုင်ရယ်
လေတိုက်ရာ ယိမ်းနွဲ့ အပင်ထက်ဝယ်
မြူခိုးငွေ့ လွှမ်းခြုံထား ရှုခင်းများ
ဘုရားရဲ့ ခမ်းနားလက်ရာပါ
သက်ရှိတိုင်း လိုအင် ဖြည့်ဆည်းဖို့
ဒီလက်တော် ဖွင့်လို့ အကုန်ပေးထား
ရက်ရောတဲ့ ဘုရားရှင်ရယ် ကျေးဇူးပဲ
ကြင်နာမှု၊ ကောင်းမြတ်မှုများက  ပြောမကုန်ပါ
ရင်မှာလေ ကျေးဇူးတင်မဆုံး
ကိုယ်တော့် ကောင်းမြတ်မှုကိုလေ
ကြင်နာမှု၊ ရက်ရောမှုများ
တကယ်ကို တုပထိုက်တာမို့
ရက်ရောစွာ မျှဝေပြီး တို့ မေတ္တာပြကြမယ်
ဘုရားကို တုပရင်းနဲ့  ရက်ရောကြစို့ကွယ်
ကြင်နာမှု၊ ရက်ရောမှုများ
တို့ တုပလိုက်ချင်တယ်
တို့ တုပလိုက်ချင်ရဲ့
ဆုကျေးဇူး ကောင်းမြတ်ရာတွေ အလျှံပယ်ပါ
ပုလဲလို အဖိုးတန်တဲ့ မြတ်ကျမ်းစာ
အားပြည့်လန်းဆန်းစေ တို့ရှေ့ဆက်ဖို့
အဆုံးမဲ့ အသက်လမ်း ပြညွှန်ပေး
ဘုရားရက်ရောမှုကိုလေ တုပဖို့
ဆုံတွေ့သူတိုင်းကို ထက်သန်စွာ ဟောမယ်
သတင်းကောင်း ပျံ့ဖို့ တို့ကြိုးစားလို့
လူတိုင်းကို ဟော၊ အပျော်တွေ မျှဝေစို့ အမြဲပဲ
ရင်မှာလေ ကျေးဇူးတင်မဆုံး
ကိုယ်တော့်ကောင်းမြတ်မှုကိုလေ
ကြင်နာမှု၊ ရက်ရောမှုများ
တကယ်ကို တုပထိုက်တာမို့
ရက်ရောစွာ မျှဝေပြီး တို့ မေတ္တာပြကြမယ်
ဘုရားကို တုပရင်းနဲ့  ရက်ရောကြစို့ကွယ်
ကြင်နာမှု၊ ရက်ရောမှုများ
တို့ တုပလိုက်ချင်တယ်
တို့ တုပလိုက်ချင်ရဲ့
တို့ တုပလိုက်ချင်ရဲ့
တို့ တုပလိုက်ချင်တယ်
ရင်မှာလေ ကျေးဇူးတင်မဆုံး
ကိုယ်တော့် ကောင်းမြတ်မှုကိုလေ
ကြင်နာမှု၊  ရက်ရောမှုများ
တကယ်ကို တုပထိုက်တာမို့
ရက်ရောစွာ မျှဝေပြီး တို့ မေတ္တာပြကြမယ်
ဘုရားကို တုပရင်းနဲ့  ရက်ရောကြစို့ကွယ်
ကြင်နာမှု၊ ရက်ရောမှုများ
တို့ တုပလိုက်ချင်တယ်
တို့ တုပလိုက်ချင်ရဲ့
တို့ တုပလိုက်ချင်ရဲ့။