JW subtitle extractor

JW ရုပ်သံထုတ်လွှင့်မှု—ဇူလိုင် ၂၀၂၆

Video Other languages Share text Share link Show times

သူငယ်ချင်း၊ တို့အနား
ကူညီ အားပေးဦး
အသုံးမကျဘူး၊ အသုံးမဝင်ဘူးလို့ ခံစားနေလို့
ဘုရား တို့တွက်
ချစ်သား ပေးထားမှန်း
သိလည်း ထိန်းမရဘူး ဒီအားငယ်စိတ် ဖိစီးနေလို့
တို့ ရင်ဖွင့်သမျှ နားထောင်ပေး
ကူညီ ဝိုင်းဆုတောင်းပေး
ကြင်နာလက်တွဲကူလို့ ပြိုယိုင်လဲစိတ်တွေ
ပြန်နာလန်ထနိုင်ခဲ့၊ ပြန်လည် အားပြည့်ခဲ့
ယေဟောဝါ ရှိနေလို့၊ ညီကိုညီမ ရှိလို့
ရင်မှာ စိတ်အေး ငြိမ်သက်
စည်းလုံးခြင်း အင်အား
စည်းလုံးခြင်း အင်အား
သူငယ်ချင်း၊ မကြောက်နဲ့
တစ်ယောက်တည်းလို့ မတွေးနဲ့
မင်းရဲ့အနားမှာ အမြဲလို အတူရှိနေမှာ
ယေဟောဝါဘုရားလည်း
အတူတူ ရှိပေးမှာ
မင်းလက်ကို လုံးဝ မလွှတ်တမ်း ကိုင်ဆွဲထားမှာပါ
ဘာမဆို ဖွင့်ပြောလိုက် နားထောင်ပေးမယ်
ကူညီ ဝိုင်းဆုတောင်းပေးမယ်
ကြင်နာလက်တွဲကူမယ် ပြိုယိုင်လဲစိတ်တွေ
ပြန်နာလန်ထနိုင်ဖို့၊ ပြန်လည် အားပြည့်ဖို့
ယေဟောဝါ ရှိနေလို့၊ ညီကိုညီမ ရှိလို့
ရင်မှာ စိတ်အေး ငြိမ်သက်
ကြင်နာလက်တွဲကူမယ် ပြိုယိုင်လဲစိတ်တွေ
ပြန်လည် လန်းဆန်းတက်ကြွ၊ အားပြန်ပြည့်တင်းဖို့
ယေဟောဝါ ရှိနေလို့၊ ညီကိုညီမ ရှိလို့
ရင်မှာ စိတ်အေး ငြိမ်သက်
စည်းလုံးခြင်း အင်အား
တို့ အင်အား
စည်းလုံးခြင်း အင်အား
တို့ အင်အား။