JW subtitle extractor

JW ရုပ်သံထုတ်လွှင့်မှု—အောက်တိုဘာ ၂၀၂၆

Video Other languages Share text Share link Show times

နေ့တိုင်း ငါ သတိတွေရ
အလွမ်းမိုးတို့ စို၊ ဒီရင်မှာ ငိုနေ
နင် မရှိဘဲ ရှင်သန်ဖို့ ခက်ခဲ
ကြေကွဲဝမ်းနည်းလည်း ငါလေ တစ်ယောက်တည်း မဟုတ်
ဘုရားရဲ့ ချစ်သားတော် ခေါ်သံကို ကြားရတဲ့အခါ
သင်္ချိုင်းမှာ အသက်မဲ့တဲ့သူ ထမြောက်မယ်
ငါလေ စောင့်မြဲပေါ့၊
ငါတို့ စောင့်ဆိုင်းမြဲပေါ့
ငါလေ စောင့်မျှော်ဆဲ ဒီအခိုက်အတန့်လေး နင် အသက်ရှင် ထလာချိန်
မြင်နေကျ ပုံရိပ်လေးကို လွမ်း
နင်ပြောဖူးတဲ့ စကားသံတွေ ငါ့နားထဲ စွဲ
ရှင်ယေဟောဝါ သိမြင်လို့
နှစ်သိမ့်ဖို့ စိတ်ငြိမ်သက်ခြင်းပေး
ဘုရားရဲ့ ချစ်သားတော် ခေါ်သံကို ကြားရတဲ့အခါ
သင်္ချိုင်းမှာ အသက်မဲ့တဲ့သူ ထမြောက်မယ်
ငါလေ စောင့်မြဲပေါ့၊
ငါတို့ စောင့်ဆိုင်းမြဲပေါ့
ငါလေ စောင့်မျှော်ဆဲ ဒီအခိုက်အတန့်လေး နင် အသက်ရှင် ထလာချိန်
လှမ်းကြည့်လိုက်၊ တွေ့ချင်တဲ့ အပြုံးပန်းတွေနဲ့
သိပ်လွမ်းဆွတ်ရတဲ့ မျက်နှာတွေ
တို့ရှေ့မှောက် လျှောက်လို့ လှမ်းလာနေ
ပွေ့ဖက်ဆီးကြိုစို့ ဘုရားကတိ တကယ်ဖြစ်မှာမို့
ဝမ်းနည်းလို့ကျတဲ့ မျက်ရည်တွေ သုတ်ပေးမယ့်နေ့သစ် စောင့်စို့လေ
ဘုရားရဲ့ ချစ်သားတော် ခေါ်သံကို ကြားရတဲ့အခါ
သင်္ချိုင်းမှာ အသက်မဲ့တဲ့သူ ထမြောက်မယ်
ငါလေ စောင့်မြဲပေါ့၊
ငါတို့ စောင့်ဆိုင်းမြဲပေါ့
ငါလေ စောင့်မျှော်ဆဲ ဒီအခိုက်အတန့်လေး
နင် အသက်ရှင် ထလာချိန်
နင် ပြန်ထမြောက်လာချိန်။