JW subtitle extractor

အချိန်ပေး​ကာ ဆုံးဖြတ်ပါ

Video Other languages Share text Share link Show times

ဘဝကြီးက အေးချမ်းနေပေမဲ့လည်း
အဖော်မွန်တစ်ယောက်လောက်
တို့လိုချင်တဲ့စိတ်ကူးလေးကို လောလို့ မဖြစ်သေးဘူးကွယ်။
ငိုကြွေးခြင်းလား၊ ပြုံးပျော်ရွှင်ခြင်းလား ဆောင်ယူနိုင်စွမ်းလို့၊
နုနယ်ခံစားချက်များ ပြောင်းကာသွားနိုင်လို့ လွယ်လွယ်ဆုံးဖြတ်ဖို့ မဖြစ်ဘူး
အချိန်ပေးကာ စဉ်းစားလိုက်ပါကွာ။
စောင့်သာစောင့်လိုက်။
နှလုံးသား ရင်ဘတ်ထဲက ငြင်းနေလည်း
တွေးလိုက်
‘ငါ့တွက် အဖော်မွန်လေလား။’
ဖြစ်နိုင်တယ်၊ 
အချိန်ပေးစဉ်းစားကာလေ။
အို ဆုံးဖြတ်လေ။
ရင်ကို လာရိုက်ခတ်သော သူ့ကြင်နာမှုများ၊ ငြိတွယ်သာယာမိလည်းလေ။
တို့ဘယ်လိုမှ ရှေ့တိုးဖို့ မဖြစ်နိုင်မှန်း သိနှင့်နေ။
သမ္မာကျမ်းနဲ့ ယေဟောဝါအလိုတိုင်းပဲ
နာခံဆောင်ရွက်ကာ
အေးအတူ ပူအမျှ အသက်လမ်းထဲမှာ ဖေးကူမယ့် အဖော်မွန်လေးအား
စောင့်ပါမယ်။
အချိန်ပေးကာ စဉ်းစားလိုက်ပါကွာ။
စောင့်သာစောင့်လိုက်။
နှလုံးသား ရင်ဘတ်ထဲက ငြင်းနေလည်း
တွေးလိုက်
‘ငါ့တွက် အဖော်မွန်လေလား။’
ဖြစ်နိုင်တယ်။ 
အချိန်ပေးစဉ်းစားကာလေ။
အို ဆုံးဖြတ်လေ။
အို ဆုံးဖြတ်လေ။