JW subtitle extractor

ယေဟောဝါဘုရား တကယ် တည်ရှိ

Video Other languages Share text Share link Show times

ဘုရား ဖန်ဆင်းရာ အစုံပဲ ကမ္ဘာ၊ နေ၊ လ၊ ကြယ်
သစ်ပင်ပန်းမန်တွေနဲ့ တခြားတခြားလည်း အစုံပဲ
ယေဟောဝါဘုရား ရှိတာ
ဘာအထောက်အထား လိုသေး
အတွေးအခေါ် ပြောင်းအောင် ဘုရား ကူညီ၊ ကာကွယ်၊ လမ်းညွှန်
လက်ထဲမှာ တို့ကို ပုံသွင်း အိုးထိန်းသမားလိုပဲ
ယေဟောဝါဘုရား ရှိတာ
ဘာအထောက်အထား လိုသေး
တစ်ခါမှာ နေမကောင်းလို့
အပြင်ထွက် ဆော့မရတော့လေ
ကိုယ်တော် အနား ရှိကာ
ကြင်နာ ဂရုစိုက်ပေး
ကိုယ်တော် တကယ် တည်ရှိ
မြင်လေရာရာတိုင်း
ကြုံလေရာတိုင်းမှာ
ဘုရား မေတ္တာတွေ
ပိုမြင်လာပြီမို့
ပိုယုံလာပြီ တို့
ကိုယ်တော် တကယ် ရှိနေ
တို့ မိတ်ဆွေပါ
တို့ ကျောင်းမှာ မျိုးစုံ ကြုံရ တကယ် မလွယ်ဘူးကွာ
မကောင်းကို အကောင်း ပုံစံ ဖမ်း ဆိုးလိုက်ကြပုံများ
အစ်မနဲ့ တို့ ခိုကိုးရာ
ဘုရားပဲ တို့ ဆုတောင်း ချိန်ခါတိုင်း
တစ်ခါခါ တကယ် စိတ်အားငယ်
တကယ် စိတ်ဓာတ်ကျတဲ့အခါ
ညာလက်တော်နဲ့ ချီမပေး
မြဲမြံသွားအောင် ထူမတ်ပေး
ကိုယ်တော် တကယ် တည်ရှိ
မြင်လေရာရာတိုင်း
ကြုံလေရာတိုင်းမှာ
ဘုရား မေတ္တာတွေ
ပိုမြင်လာပြီမို့
ပိုယုံလာပြီ တို့
ကိုယ်တော် တကယ် ရှိနေ
မိတ်ဆွေပါပဲ
ကိုယ်တော် တကယ် ရှိနေ
တို့ မိတ်ဆွေပါ။