JW subtitle extractor

၁၄၇။ ထာဝရအသက် ကတိတော်

Video Other languages Share text Share link Show times

ထာဝရအသက် ကတိရှိ။
တို့မြေစံအိမ် တည်တံ့မှာ။
‘စိတ်နှိမ့်ချသူများ ရှင်သန်မှာ။’
အနာဂတ် သေချာလှ။
စဉ်မြဲ နေနိုင်ကြမှာ။
ကြိုးစားရကျိုး နပ်မှာ။
စိတ်ချရ နှုတ်တော်ထွက်။
ကတိတော် သေချာ။
ပရဒိ စုံလင်ခြင်း ယူဆောင်၊
ဘုရားသားသမီး လွတ်မြောက်။
ယေဟောဝါရဲ့ ညွှန်ကြားမှုအောက်၊
ငြိမ်းချမ်း ကမ္ဘာ ဆိုက်ရောက်။
စဉ်မြဲ နေနိုင်ကြမှာ။
ကြိုးစားရကျိုး နပ်မှာ။
စိတ်ချရ နှုတ်တော်ထွက်။
ကတိတော် သေချာ။
ထမြောက်ရှင်ပြန်ရာ အချိန်မှာ
ပျောက်ကွယ်မယ် ဝမ်းနည်းမှုများ။
ယုယကြင်နာမှု ဘုရားပေး၊
သုတ်ပေးမယ် မျက်ရည်များ။
စဉ်မြဲ နေနိုင်ကြမှာ။
ကြိုးစားရကျိုး နပ်မှာ။
စိတ်ချရ နှုတ်တော်ထွက်။
ကတိတော် သေချာ။